ကျုပ်ဆရာ မိုးသီး ပိုစ့် အသစ်တင်တာတွေ့လို့ သွားဖတ် ဖြစ်တယ်ဗျာ။ ရေးထားတဲ့ အကြောင်းအရာက အန်ကယ်ဦးရဲထွန်း အမှတ်တရ အကြောင်းပါ။ ဒီမှာ သွားဖတ်နိုင်တယ် http://komoethee.blogspot.com/2010/05/blog-post_3204.html
အဲဒီ့မှာ ကျုပ်ဖတ်ရင်းနဲ့ မျက်လုံးကို ပြူးသွားတာပဲ မိုးသီးရေးထားတဲ့ ဝေါဟာရ တစ်ခုကို နားမလည်လို့ပါ။ Bio-maganisim တဲ့။ နောက်မှ ငါမသိတဲ့ အသုံးအနှုန်း များလား ဆိုပြီး Bio Dictionary မှာ ရှာကြည့်လိုက် သေးတယ်။ ဘယ်မှာမှ မရှိတော့မှ သြော် မိုးသီး ဆိုလိုတာ Bio mechanism ဖြစ်မယ်လို့ သဘောပေါက်သွားတယ်။ မိုးသီးကို နိုင်ငံခြားက ဘွဲ့ယူထားတယ် ဆိုလို့ အထင်ကြီးထားသမျှ အဲဒီ့မှာ သွားတာပဲ။ ဘယ့်နှယ်ဗျာ အင်္ဂလိပ်လို ညှပ်ပြောချင်တဲ့ စကားလုံး တစ်ခုအတွက် စာလုံးပေါင်း မသေချာရင်လဲ အဘိဓာန်ထဲ ပြန်ကြည့်ပေါ့။ အခုတော့ စားလုံးပေါင်း မမှတ်မိတိုင်း ကိုယ်အသံထွက်တတ်သလို ရေးချလိုက်တယ်တဲ့ .... ကောင်းရော။
ကျုပ်လည်း အချိန်ပိုနေလို့ ဘလော့ရေးတာ မဟုတ်တော့ မအားလပ်တော့ ပို့စ်အသစ် မတင်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဆရာတွေ (မိုးသီးတို့၊ နစ်နေမန်းတို့) ဘလော့တွေတော့ အသစ်တွေ့တိုင်း မှန်မှန် ဖတ်နေပါတယ်။ အခုတော့ ဘယ်လိုမှ အမြင်မသင့်တော်လို့ သတိပေးလိုက်တယ် မိုးသီးရေ။
5/7/10
Subscribe to:
Post Comments (Atom)
1 comment:
ခုတလော ဖိုးလပြည့် မွေးနေ့ပွဲ ဆိုပြီး ပုံတွေတင်ပါတယ်.. မိုးသီးက စပြီး နစ်နေမန်း ရဲရင့်ငယ်.. နိုင်ငံရေးကို စိတ်မ၀င်စားပါ.. ဒါပေမဲ့ ပွဲဆူအောင်လုပ်တာလေး ပြောပြချင်တာပါ.. ဖိုးလပြည့် ပုံတွေဟာ အရင် နှစ်က ပုံတွေဖြစ်ပြီး ဒီနှစ် date ကြီးတပ်ထားတာပါ.. ဒီလိုမျိုး ညာတာ မျိုးတော့ မလုပ်သင့်ပါ ကိုယ်တိုင် ရတဲ့ သတင်းလည်း မဟုတ် social network က ပုံကို ကူးပြီး သူများ သားသမီးပျိုတွေကိုလည်း စော်ကားမော်ကားရေးထားပါတယ်. နိုင်ငံရေးသမားများ လုပ်စားတာ လွန်နေပါပြီဗျာ.
Post a Comment