ကျုပ်ဆရာ မိုးသီး ပိုစ့် အသစ်တင်တာတွေ့လို့ သွားဖတ် ဖြစ်တယ်ဗျာ။ ရေးထားတဲ့ အကြောင်းအရာက အန်ကယ်ဦးရဲထွန်း အမှတ်တရ အကြောင်းပါ။ ဒီမှာ သွားဖတ်နိုင်တယ် http://komoethee.blogspot.com/2010/05/blog-post_3204.html
အဲဒီ့မှာ ကျုပ်ဖတ်ရင်းနဲ့ မျက်လုံးကို ပြူးသွားတာပဲ မိုးသီးရေးထားတဲ့ ဝေါဟာရ တစ်ခုကို နားမလည်လို့ပါ။ Bio-maganisim တဲ့။ နောက်မှ ငါမသိတဲ့ အသုံးအနှုန်း များလား ဆိုပြီး Bio Dictionary မှာ ရှာကြည့်လိုက် သေးတယ်။ ဘယ်မှာမှ မရှိတော့မှ သြော် မိုးသီး ဆိုလိုတာ Bio mechanism ဖြစ်မယ်လို့ သဘောပေါက်သွားတယ်။ မိုးသီးကို နိုင်ငံခြားက ဘွဲ့ယူထားတယ် ဆိုလို့ အထင်ကြီးထားသမျှ အဲဒီ့မှာ သွားတာပဲ။ ဘယ့်နှယ်ဗျာ အင်္ဂလိပ်လို ညှပ်ပြောချင်တဲ့ စကားလုံး တစ်ခုအတွက် စာလုံးပေါင်း မသေချာရင်လဲ အဘိဓာန်ထဲ ပြန်ကြည့်ပေါ့။ အခုတော့ စားလုံးပေါင်း မမှတ်မိတိုင်း ကိုယ်အသံထွက်တတ်သလို ရေးချလိုက်တယ်တဲ့ .... ကောင်းရော။
ကျုပ်လည်း အချိန်ပိုနေလို့ ဘလော့ရေးတာ မဟုတ်တော့ မအားလပ်တော့ ပို့စ်အသစ် မတင်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ဆရာတွေ (မိုးသီးတို့၊ နစ်နေမန်းတို့) ဘလော့တွေတော့ အသစ်တွေ့တိုင်း မှန်မှန် ဖတ်နေပါတယ်။ အခုတော့ ဘယ်လိုမှ အမြင်မသင့်တော်လို့ သတိပေးလိုက်တယ် မိုးသီးရေ။
5/7/10
4/24/10
ခမောက်တုများနှင့် ပက်သက်၍ နစ်နေမန်းမှ ဖြေရှင်းချက်
မကျွမ်းကျင်သော Photoshop ဖြင့် ဖန်တီးထားသော ခမောက်တုများပုံ

ပြီးခဲ့သော သင်္ကြန်တွင် ပိတောက်မြေမှ ခမောက်ဝေ သော လှုပ်ရှားမှု ဟူသော အမည်ဖြင့် ခမောက်အတုများကို Photoshop ဖြင့်မကျွမ်းကျင်စွာ ဖန်တီးပြီး နစ်နေမန်း ဘလော့မှ စတင်ကာ ကျန်ဘလော့များကို ဖြန့်ဝေခဲ့သည်ကို အင်တာနက် ပရိသတ်များ သတိထားမိကြမည် ထင်ပါသည်။
ယင်း ခမောက်အတုများနှင့် ပက်သက်၍ သတင်းအမှန်သာ တင်စေလိုသူ တဦးက နစ်နေမန်း ထံသို့ မေးလ်ပို့ ဆက်သွယ်ရာတွင် ပြန်ကြားချက်များကို ဖေ့ဘွက်စာမျက်နှာ တွင် တွေ့ရ၍ ကူးယူ ဖေါ်ပြပါသည်။
Hkun Thukha : ကျွန်တော် အဲ့ဒီ blogger ဆီကို မေးလ်ပို့ လိုက်တယ်ဗျ..
niknayman.niknayman@gmail.com
။။။ ဘာများ ပြောချင်ကြပါသေးလဲဗျာ. ... ကျွန်တော်တော့ ပြောတောင် မပြောချင်တော့ဘူးဗျ..
(ကဲ .. အဖြစ်ကတော့ အဲဒါပါပဲဗျို့၊ အတုကြီးမှန်း အသိသာကြီးကိုလည်း ဝန်မခံဘူး။ စာဖတ်သူတွေကို ပြောတိုင်းယုံမယ့် လူပိန်းတွေ မှတ်နေတယ် ထင်တယ်။)
နစ်နေမန်းရဲ့ မူရင်းပိုစ့် ။ http://www.niknayman-niknayman.co.cc/2010/04/blog-post_6246.html

4/19/10
ကျေးဇူးတင်ရှိကြောင်း
မိုးသီး ဘလော့မှာ လူထုတိုက်ပွဲ ကော်မတီက ဖြတ်ညှပ်ကပ်နဲ့ လုပ်စားတဲ့ ပိုစ့်ကို ဖျက်လိုက်တာ တွေ့ရပါတယ်။ ဒီ့အတွက် ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ ဒါပေမယ့် မိုးသီးကို ထောက်ခံသူများက သူ မတင်ခဲ့ပါဘူး၊ နိုင်ငံရေး လုပ်ကြံမှု ပါလို့တော့ လာမငြင်းပါနဲ့။ ဒီအကွက်တွေ ဖြစ်ကောင်း ဖြစ်လာနိုင်တာမို့ သူတို့တင်ထားတည်းက Screen ကို ဖမ်းပြီး save လုပ်ထားပြီးသား ဖြစ်ပါတယ်။ မယုံလို့ ကြည့်ချင်သူများ ရှိရင် တင်ပေးပါ့မယ်။ လာလည်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော် လေသီးဇူလိုင်ပါ။
ကျွန်တော် လေသီးဇူလိုင်ပါ။
4/18/10
ကန့်ကွက်ရှုတ်ချ ပါသည်။

ဖြတ်ညှပ်ကပ်ပုံ
http://komoethee.blogspot.com/2010/04/blog-post_8785.html

မူရင်းပုံ
AP သတင်းမှာ ပါတဲ့ ပြည်တွင်းက လူငယ်လေးတွေ ပုံကို မိုးသီးတို့ လူထု တိုက်ပွဲ ကော်မတီက ဖြတ်ညှပ်ကပ် လုပ်ပြီး ကောင်လေးတွေကို ဒုက္ခပေးနေတယ်။ သိက္ခာရှိ နိုင်ငံရေး သမားက ဒီအလုပ်မျိုး မလုပ်ဘူး။ ဒီကိစ္စကို ကျွန်တော်လေသီးက ဆန့်ကျင်ကန့်ကွက် လိုက်တယ်။ နောက်နောင် ဒီလို ကိစ္စမျိုး ရှောင်ဖို့လည်း သတိပေးလိုက်တယ်။
လေသီးဇူလိုင်
Subscribe to:
Posts (Atom)
သတင်းအမှန်သာလျှင် တင်သင့်ပါသည် .. သတင်းဖတ်သူ ကို မလိမ်ညာသင့်ပါ..
သူက စာပြန်လာပါတယ်......
။ ။။ ကျွန်တော့်ဆီ မေးလ်မှ တစ်ဆင့် စာရေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သတင်းမမှန်ဖူး လိမ်ညာတယ်လို့  ပြောတာတော့ အကြံပြုတာထက် ကျော်နေတယ်လို့  ထင်ပါတယ်။
ခမောက်လှုပ်ရှားမှုဟာ မှန်ကန်တဲ့အတွက် ပို့ စ်ကို လုံးဝ မဖျက်နိုင်ပါကြောင်း ပြန်ကြားလိုပါတယ်။
လေးစားလျက် -
ကိုနစ်။
။။။ ကျွန်တော် ပြန်ရေးလိုက်ပါတယ်....
တောင်းပန်ပါတယ်ဗျ
အကြံပြုတာထက် ကျော်သွားတဲ့ အတွက်ပါ..
မှန်ကန်တဲ့သတင်း ဖြစ်ခဲ့လျှင်လည်း မှန်ကန်တဲ့ ဓါတ်ပုံမှတ်တမ်းဖြင့်သာ တင်သင့်ပါကြောင်းထပ်မံပြော
။။။ သူစာပြန်လာပါတယ်...
ဖေါ်ပြထားတဲ့ဓါတ်ပုံတွေဟာလည်